Rhema Literature Distributors သည် အရည်အသွေးမြင့်သည့် ခရစ်ယာန်စာပေကို ဖြန့်ဝေရန် ဟူသော အမှုတော်တစ်ခုတည်းဖြင့် ကမ္ဘာတစ်ဝှမ်းရှိ ယုံကြည်သူတစ်စုဖြစ်ပါသည်။ နိုင်ငံပေါင်း ၁၀၀ ကျော်နှင့် ဘာသာစကားပေါင်း ၃၀ ကျော်ဖြင့် ရိုးရှင်းသည့် အလေ့အလာတစ်ခုတည်းဖြင့် ဖြန့်ဝေလျက်ရှိပါသည် - ထိုအလေ့အလာမှာ ကျွန်ုပ်တို့ ပေးဝေသည့် စာပေမှာ လုံးဝ အခမဲ့ဖြစ်သည်။
ကျွန်ုပ်တို့သည် သမ္မာကျမ်းစာကို နားလည်ရန်နှင့် နေ့စဉ်အသက်တာ၌ ခရစ်တော်ကို သိကျွမ်းရန်နှင့် တွေ့ကြုံခံစားရန် အကူအညီအဖြစ်ဆုံး စာအုပ်များကို ဖြန့်ဝေနေခြင်း ဖြစ်ပါသည်။ အထူးသဖြင့် ကျွန်ုပ်တို့သည် Living Stream Ministry နှင့်အတူ ထပ်တူ လုပ်ဆောင်ကာ သူတို့၏ စာရေးသူများထံမှ အဓိက ခေါင်းစဉ်များကို အသုံးပြုထားပါသည်။
ကျွန်ုပ်တို့သည် အကျိုးအမြတ်မယူသော စေတနာ့အသင်းဖြစ်ကာ၊ ကမ္ဘာတစ်ဝှမ်းလုံးမှ ယုံကြည်သူများနှင့် အသင်းတော်များမှ လက်ဆောင်ပဏ္ဏာများဖြင့် ဖြန့်ဝေမှုကို လုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။ သူတို့က ကျွန်ုပ်တို့သည် ဘုရားသခင်ကို နက်ရှိုင်းစွာနှင့် ကျေနပ်နှစ်သိမ့်မှုရှိစွာ သိရှိလိုသူများအဖို့ အခမဲ့နှင့် မစမှု လမ်းကြောင်း ဖြစ်လာစေရန် ယုံကြည်အပ်နှံထားကြခြင်း ဖြစ်ပါသည်။
လူအများက ကျွန်ုပ်တို့၏ ယုံကြည်ချက်အကြောင်း ရံဖန်ရံခါ မေးကြလေ့ရှိသည်။ ဤသည်မှာ ကျွန်ုပ်တို့၏ ယုံကြည်ခြင်း ကြေညာချက် ဖြစ်ပါသည်။ ဤယုံကြည်ချက်များကို စောင့်ထိန်းခြင်းသည် ကျွန်ုပ်တို့၏ စာအုပ်များကို လက်ခံရရှိခြင်းအတွက် တောင်းဆိုချက်မဟုတ်ပါ။ ကျွန်ုပ်တို့၏ စာအုပ်များသည် မည်သူမဆို မည်သည့်ယုံကြည်ချက်နှင့်မဆို အခမဲ့ ရယူနိုင်ပါသည်။
ကျွန်ုပ်တို့ Rhema သည် ယုံကြည်သူများအားလုံး မျှဝေထားသည့် အများနှင့်ဆိုင်သော ယုံကြည်ချက်ကို ကိုင်စွဲထားပြီး၊ ဓမ္မသစ်ကျမ်းတွင် တင်ဆက်ပြသထားသည့် အကြောင်းအရာများပင် ဖြစ်ပါသည်။ အထူးသဖြင့် ဤအများနှင့်ဆိုင်သည့် ဓမ္မသစ် ယုံကြည်ချက်သည် သမ္မာကျမ်းစာ၊ ဘုရားသခင်၊ ခရစ်တော်၊ ကယ်တင်ခြင်းနှင့် ထာဝရအသက် တို့နှင့်စပ်လျဉ်း၍ ယုံကြည်သည့် အောက်ဖော်ပြပါ အကြောင်းအရာများဖြင့် ပေါင်းစပ်ထားသည်။
Rhema ၌ ကျွန်ုပ်တို့၏ ပန်းတိုင်မှာ တုနှိုင်းရာမဲ့ ခရစ်ယာန်စာပေများကို အခမဲ့ ဝေမျှပေးပြီး၊ စာဖတ်သူ၏ နားလည်မှုကို တိုးတက်လာစေရန်နှင့် ဓမ္မသစ်ယုံကြည်ချက်ကို တွေ့ကြုံခံစားစေရန် ဖြစ်ပါသည်။ ယုံကြည်သူများသည် ကိုယ်တော်၏ ရွေးနုတ်ခြင်းမှတစ်ဆင့် ခရစ်တော်၌ ထာဝရကယ်တင်ခြင်းကို မွေ့လျော်ဝမ်းမြောက်ရုံသာမက၊ ကိုယ်တော့်အသက်တော်၌ နေ့စဉ်ကယ်တင်ခြင်းကိုလည်း မွေ့လျော်ဝမ်းမြောက်ကာ၊ သမ္မာကျမ်းစာမှ ဝိညာဉ်ရေးရာ အစာအားဖြင့် လက်တွေ့ကျကျ သိနားလည်စေရန် ဖြစ်ပါသည်။ ဤအရာသည် ကျွန်ုပ်တို့ တွေ့ကြုံခံစားခဲ့သော အရာပင်ဖြစ်ပြီး၊ ယင်းသည် သင်၏အတွေ့အကြုံလည်း ဖြစ်လာမည့်အကြောင်း ကျွန်ုပ်တို့ မျှော်လင့်ပါသည်။
၁၉၈၀ ခုနှစ်အလယ်ခန့်မှစ၍ Rhema သည် အခမဲ့ စာပေဖြန့်ဝေခြင်းကို လုပ်ဆောင်ခဲ့ပါသည်။ ရှေ့ဦးစွာ သမ္မာကျမ်းစာနှင့် ဝိညာဉ်ရေးရာစာအုပ်များကို ယခင် ဆိုဗီယက်ပြည်ထောင်စုရှိ နိုင်ငံများသို့ ရုရှားဘာသာစကားဖြင့် ဖြန့်ဝေခြင်းမှ အစပြုခဲ့ကြပါသည်။ ကျွန်ုပ်တို့၏ ဖြန့်ဝေမှု အဓိကနည်းလမ်းမှာ တောင်းဆိုသူထံ စာတိုက်မှတစ်ဆင့် ပို့ဆောင်ပေးခြင်းအားဖြင့် ဖြစ်ပါသည်၊ သို့သော် ကျွန်ုပ်တို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်မှ သမ္မာတရားများကို များစွာသော နေရာများသို့ ပျံ့နှံ့စေရန် အခြားအုပ်စုများနှင့်လည်း ပူးပေါင်းလုပ်ဆောင်ခြင်း ရှိကြပါသည်။
၁၉၉၉ ခုနှစ်တွင် ရုရှားဘာသာစကားဖြင့် ဖြန့်ဝေမှုသည် ကျယ်ပြန့်လှသည့် အောက်ခြေမှတ်စုများနှင့် လေ့လာမှတ်သားစရာများ ပါဝင်သည့် ရုရှားဓမ္မသစ်ကျမ်း အသစ်ကို အမြောက်အများထုတ်ဝေ ဖြန့်ဖြူးသည်အထိ တိုးတက်လာခဲ့ပါသည်။
၂၀၀၁ ခုနှစ်တွင် Rhema သည် အခြား ဘာသာစကားများနှင့် နိုင်ငံများတွင်လည်း အခမဲ့ ဝိညာဉ်ရေးရာ စာပေများ လိုအပ်လျက်ရှိကြောင်း သိမြင်လာကြပြီး၊ ကမ္ဘာပေါ်ရှိ အဓိက နေရာများကို ထည့်သွင်းလာသည့် ကျယ်ပြန့်မှု ရှိလာခဲ့ပါသည်။ ပထမအဆင့် အနေဖြင့် ဘာသာစကားဆယ်မျိုးကို ရွေးချယ်ကာ ဖြန့်ဝေရန် စာအုပ်အတွဲများကိုလည်း ပြင်ဆင်ထားခဲ့ကြသည်။
၂၀၀၆ ခုနှစ်တွင် Rhema သည် နောက်တစ်ဆင့် အခြားဘာသာစကားများအတွက် အစီအစဉ်များ ရေးဆွဲကာ၊ အရှေ့အလယ်ပိုင်းဒေသနှင့် အာရှမှ နေရာများ ပါဝင်လာစေခဲ့ပါသည်။
လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း ခရစ်ယာန်စာပေ သန်းနှင့်ချီ၍ ပေးဝေခဲ့ပြီဖြစ်ပါသည် - အားလုံးမှာ အခမဲ့ ပေးဝေခြင်း ဖြစ်ပါသည်။
များစွာတို့က သူတို့၏ ဒေသ၌လည်းကောင်း၊ ကမ္ဘာတစ်၀န်းသို့လည်းကောင်း ဖြန့်ဝေခြင်း၌ ပါဝင်ရန် အလိုဆန္ဒရှိခြင်းကို ဖော်ပြလာကြပါသည်။ ဤတောင်းဆိုချက်များကို ကျွန်ုပ်တို့ အလေးထားကြပြီး၊ ဤကဏ္ဍ၌ သင်လည်း ပါဝင်နိုင်မည့် နည်းလမ်းများကို ဖော်ပြပေးနိုင်ဖို့ မျှော်လင့် ကြပါသည်။ ဤအပိုင်းကဏ္ဍကို အမျိုးအစားသုံးခုအဖြစ် ပိုင်းခြားထားပါသည် - ယင်းတို့မှာ ဆုတောင်းခြင်းအားဖြင့်၊ ပေးလှူပါဝင်ခြင်း အားဖြင့်၊ ဖြန့်ဝေပေးခြင်းအားဖြင့် တို့ဖြစ်ပါသည်။
ပထမဦးစားပေးနှင့် အရေးကြီးဆုံး နည်းလမ်းမှာ ဆုတောင်းခြင်းအားဖြင့် ပါဝင်ရန် ဖြစ်ပါသည်။ မတူညီသော ဘာသာစကားများနှင့် နိုင်ငံများ၌ အခမဲ့ စာအုပ်များကို ဖြန့်ဝေခြင်း ၌ ကျွန်ုပ်တို့သည် တိမောသေ ပထမစာစောင် အခန်း ၂ ရှိ လူ၏ ကယ်တင်ခြင်းအတွက် အထူး ဆုတောင်းချက် တောင်းခံချက်ကို အလေးထားကြပါသည်။
ငါတို့သည် လူအမျိုးမျိုးတို့အဖို့ အသနားခံ တောင်းလျှောက်ခြင်း၊ ဆုတောင်းခြင်း၊ ကြားခံတောင်းလျှောက် ခြင်း၊ ကျေးဇူးတင်ခြင်းကို ရှေးဦးစွာ ပြုစေခြင်းငှာ ငါတိုက်တွန်း သွေးဆောင်၏။ ငါတို့သည် ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ လျောက်ပတ်စွာ ကျင့်ခြင်း၊ ငြိမ်ဝပ်ဆိတ်ညံစွာ နေရမည်အကြောင်း၊ ရှင်ဘုရင်များနှင့် မင်းအာဏာရှိသူတို့အဖို့ ဆုတောင်းပေးကြလော့။ အကြောင်းမူကား၊ ထိုသို့သောအမှုသည် ကောင်းသောအမှုဖြစ်၍၊ ငါတို့ကယ်တင်ရှင် ဘုရားသခင်ရှေ့တော်၌ နှစ်သက် လက်ခံဖွယ်သော အမှုလည်းဖြစ်၏။ လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ ရောက်၍ သမ္မာတရားကို ပြည့်ဝစွာ သိစေခြင်းငှာ၊ ဘုရားသခင် အလိုတော်ရှိ၏။ ၁တိ၊ ၂း၁-၄
ဤနေရာတွင် အောက်ဖော်ပြပါအချက်ကို မှတ်သားထားနိုင်ပါသည်။
ကျွန်ုပ်တို့ကိုယ်တိုင်၏ အတွေ့အကြုံမှ မြင်ရသည်မှာ ဘုရားသခင်၏ လူများသည် ထိုသို့သော ဆုတောင်းခြင်း၌ ပါဝင်လာကြသောအခါ နှစ်များစွာ ကြာလာသည့်အခါ ဤအဓိက အချက်များအားလုံးသည် နေရာယူလာလိမ့်မည် ဖြစ်သည်။ ဤစာအုပ်များသည် သမ္မာတရားကို ပြည့်ဝစွာ သိကျွမ်းခြင်းကို အခမဲ့ ပျံ့နှံ့စေနိုင်ရန်အတွက် လူများစွာတို့သည် ဆုတောင်းကြပါမည့်အကြောင်း ကျွန်ုပ်တို့ စိတ်ရင်းအတိုင်း မျှော်လင့်ကြပါသည်။
ထို့ကြောင့် သင်တို့ သွား၍ လူမျိုးတကာတို့ကကို ငါ့တပည့်ဖြစ်စေလျက်၊ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမ အထဲသို့ ဗတ္တိဇံကို ပေးကြလော့။ ငါသည် သင်တို့အား မိန့်တော်မူသမျှတို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒ ပေးကြလော့။ ငါသည်လည်း ခေတ်ကာလ ကုန်သည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြ တ်ရှိသည်ဟု တပည့်တော်တို့အား မိန့်တော်မူ၏။
မ၊၂၈း၁၉-၂၀
ထိုသို့ မရှိသော်လည်း၊ သင်တို့အပေါ် သို့ သန့်ရှင်းသော ဝိညာဉ်တော် ဆင်းသက်သောအခါ၊ သင်တို့သည် တန်ခိုးကို ခံရ၍၊ ယေရုရှလင်မြို့မှစသော ယုဒပြည်၊ ရှမာရိပြည်၊ မြေကြီးစွန်း တိုင်အောင် ငါ၏ သက်သေများ ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
တ၊၁း၈
မြေကြီးပေါ်ရှိ ဒေသအသီးသီးမှ ဤအခမဲ့ စာပေဖြန့်ဖြူးခြင်း၌ ပါဝင်ပေးလှူလိုသူများ အနေဖြင့် ကျေးဇူးပြု၍ ကျွန်ုပ်တို့ကို ဆက်သွယ်ပါ။