Thank you for your interest in our books. Due to the coronavirus (COVID-19) pandemic, we only have ebooks available for download at this time, as we have had to suspend mailing books. If you download the eBooks but would still like to receive printed books when we can mail again, or if you would like to wait to order until printed books become available, please check back at our website in a few months.

အခမဲ့ ခရစ်ယာန်စာအုပ်များ

ဤအခမဲ့ စာအုပ်များသည် ရိုးရှင်းသည်၊ နက်ရှိုင်းသည်၊ လက်တွေ့ကျသည်၊ အသက်တာ ပြောင်းလဲစေသည်။ ကျွန်ုပ်တို့၏ အခမဲ့ ခရစ်ယာန် စာပေ စာအုပ်အတွဲများရှိ စာအုပ်များအားလုံးကို eBooks အဖြစ် ဖတ်ရှုရန် ရရှိနိုင်ပါသည်။

eBooks အဖြစ် ရရှိနိုင်သည်

ကျွန်ုပ်တို့၏ စာအုပ်များ

ခရစ်ယာန်အသက်တာ၏ အခြေခံ ဒြပ်သဘောသဘာဝများ (အတွဲ ၁)

ခရစ်ယာန်အသက်တာ၏ အခြေခံ ဒြပ်သဘောသဘာဝများ (အတွဲ ၁)

သင်၏ အခြေခံ မည်မျှ ခိုင်မာမှု ရှိပါသနည်း

ဤစာအုပ်က လူအဖို့ ဘုရားသခင်၏ စီမံတော်မူချက်ကို သင့်အား သိရှိစေပါမည်။ ၎င်းက လူသစ်နှင့် အတွေ့အကြုံရှိပြီးသား ခရစ်ယာန်များအတွက်ပါ မရှိမဖြစ်လိုအပ်သည့် အဓိက အတွေ့အကြုံ လေးခုကို ဖွင့်ပြပေးထားပြီး၊ သင့်အား ကြွယ်ဝသော၊ အဓိပ္ပာယ်ရှိသော ခရစ်ယာန်အသက်တာကို အခိုင်အမာ ရရှိစေရန် ကူညီပေးပါသည်။

ခရစ်ယာန်အသက်တာ၏ အခြေခံ ဒြပ်သဘောသဘာဝများ (အတွဲ ၂)

ခရစ်ယာန်အသက်တာ၏ အခြေခံ ဒြပ်သဘောသဘာဝများ (အတွဲ ၂)

ဘုရားသခင်နှင့် ကျွန်ုပ်အကြား ဆက်နွှယ်မှုကို မည်သို့ နက်ရှိုင်းမှု ရှိစေနိုင်မည်နည်း

နံနက်တိုင်း သခင်ဘုရားနှင့်အတူ တစ်ဦးတည်း အချိန်ယူခြင်းသည် ဘုရားသခင်နှင့် ကျွန်ုပ်တို့အကြား ဆက်နွှယ်မှုကို ချိုမြိန်ခြင်း၊ ရင်းနှီးမှုရှိခြင်း ဖြစ်စေသည်။ ဤအချိန်သည် ကျွန်ုပ်တို့၏ ခရစ်ယာန်အသက်တာ၌ တိုးတက်မှုနှင့် တန်ခိုးရှိခြင်းနည်းလမ်းဖြင့် တိုးတက်ခြင်းကို ဖြစ်စေမည်ဖြစ်သည်။ ဤစာအုပ်ကို ဖတ်ခြင်းအားဖြင့် သခင်ဘုရားနှင့်အတူ ဤသို့ အချိန်ယူခြင်းမှာ မည်မျှပင် ရိုးရှင်းလှကြောင်း ရှာဖွေစူးစမ်းကြည့်ပါ။

အရာအားလုံး ပါဝင်သော ခရစ်တော်

အရာအားလုံး ပါဝင်သော ခရစ်တော်

ခရစ်တော်ကို အကန့်အသတ်မဲ့ တွေ့ကြုံခံစားရန် ရှာဖွေနေပါသလား။

ကျွန်ုပ်တို့သည် ဤ"အရာအားလုံးပါဝင်သော ခရစ်တော်"ကို တွေ့ကြုံခံစားခြင်းအထဲသို့ မဝင်ရောက်သွားမီ ခရစ်တော်သည် မည်မျှ အကန့်အသတ်မဲ့ကြောင်း မြင်ရမည်ဖြစ်သည်။ ဤစာအုပ်က သင့်အား မြင်ရန်နှင့် ဝင်ရောက်သွားရန်အတွက် ကူညီပေးပါလိမ့်မည်။ ဤတရားဟောရာကျမ်းကို ဖွင့်ဆိုဖော်ပြခြင်း၌ အံ့သြဖွယ်ရာ ကောင်းသောမြေ ခါနန်ပြည်၏ ရုပ်ပုံကားချပ်သည် ယုံကြည်သူများအဖို့ ခရစ်တော်၏ ဖြစ်ခြင်း ရုပ်ပုံကားချပ်ပင် ဖြစ်သည်။

ဘုရားသခင်၏ စီမံကိန်း

ဘုရားသခင်၏ စီမံကိန်း

ဘုရားသခင်၏ ထာဝရ အကြံအစည်တော်သည် ကျွန်ုပ်နှင့် အဘယ့်ကြောင့် သက်ဆိုင်ရပါမည်နည်း။

သမ္မာကျမ်းစာ တစ်အုပ်လုံးက ဘုရားသခင်၏ ထာဝရအကြံအစည်တော်နှင့် ကိုယ်တော်က မည်သို့ ပြီးပြည့်စုံစေကြောင််းကို ဖော်ပြထားသည်။ အံ့အားသင့်ဖွယ်အချက်မှာ ဘုရားသခင်သည် ဤအကြံအစည်တော်ကို မိမိကိုယ်တော်တိုင်အားဖြင့် ပြီးပြည့်စုံစေခြင်း မပြုလိုပေ။ ခရစ်တော်၌ ယုံကြည်သူများအဖြစ် ကျွန်ုပ်တို့သည် ဘုရားသခင့်အကြံအစည်တော်၏ အစိတ်အပိုင်း အားလုံး ဖြစ်ကြသည်။ သို့ဖြစ်၍ ဤအကြံအစည်တော်၌ သင်မည်သို့ ပါဝင်မည်နည်း။ ကျွန်ုပ်တို့သည် ကိုယ်တော်၏ အကြံအစည်တော်၌ အဘယ့်ကြောင့် သော့ချက်ဖြစ်ရသည်ကို မြင်ရန် ဤစာအုပ်ကို ဖတ်ပါ။

ခရစ်ယာန်အသက်တာ၏ အခြေခံ ဒြပ်သဘောသဘာဝများ (အတွဲ ၃)

ခရစ်ယာန်အသက်တာ၏ အခြေခံ ဒြပ်သဘောသဘာဝများ (အတွဲ ၃)

အမှန်နှင့် အမှား အားဖြင့် အသက်ရှင်ခြင်းထက် နောက်ထပ်နည်းလမ်း ရှိပါသလား

လူမှုအသိုင်းအဝိုင်းက ကျွန်ုပ်တို့အား မိမိကိုယ်ကို အမှန်နှင့် အမှား၏ အလေ့အလာဖြင့် ပြုမူတတ်ရန် သွန်သင်ပေးသည်၊ သို့သော် သမ္မာကျမ်းစာက မည်သို့ သွန်သင်ပေးပါသနည်း။ သမ္မာကျမ်းစာက ပိုမိုမြင့်မားသည့် အလေ့အလာဖြင့် ကျွန်ုပ်တို့ အသက်ရှင်နိုင်ကြောင်း ပြသထားသည် - ယင်းမှာ အသက်၏ အလေ့အလာဖြစ်သည်။ ဘုရားသခင်က ကျွန်ုပ်တို့အား ဘုရားသခင်၏ ထာ၀ရအကြံအစည်တော်ကို ပြီးမြောက်ပြည့်စုံရန် ဤအလေ့အလာဖြင့် အသက်ရှင်စေရန် အလိုရှိသည်။

အသက်ကို သိကျွမ်းခြင်း

အသက်ကို သိကျွမ်းခြင်း

ကျွန်ုပ်၏ ခရစ်ယာန် အသက်တာ၌ မည်သို့ ကြီးထွားမှု ရရှိနိုင်မည်နည်း

အသက်၌ ကြီးထွားရန်အလို့ငှာ အသက်သည် မည်သည့်အရာဖြစ်ကြောင်း၊ မည်သည့်နေရာမှလာကြောင်း၊ ဤအသက်ကို မည်သို့ ရယူနိုင်ကြောင်း ကျွန်ုပ်တို့ သိရမည်ဖြစ်သည်။ ဤအဖြေများသည် အပြုအမူ တိုးတက်ကောင်းမွန်စေခြင်း၊ အသိပညာ တိုးပွားလာစေခြင်း၊ ဆုကျေးဇူးများ သို့မဟုတ် တန်ခိုး ရရှိခြင်းတို့ အပေါ် မမူတည်ပါ။ အသက်၌ ကြီးထွားရန်အတွက် နားလည်မှုနှင့် ဦးဆောင်မှုကို ခံယူ ရရှိပါ။

ဘုန်းတော်နှင့် ပြည့်စုံသော အသင်းတော်

ဘုန်းတော်နှင့် ပြည့်စုံသော အသင်းတော်

ဘုရားသခင်က အသင်းတော်ကို ကျွန်ုပ်တို့နှင့် ခြားနားစွာ မြင်ပါသလော။

ကျွန်ုပ်တို့က "အသင်းတော်" ဟူသော စကားလုံးကို ကြားရသောအခါ ကျွန်ုပ်တို့၏ စဉ်းစားမှုသည် လူသား ခံယူချက်များဖြင့် ပြည့်နေကြောင်း ကျွန်ုပ်တို့ သတိမပြုမိဘဲ ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤစာအုပ်က ဘုရားသခင်သည် အသင်းတော်ကို မည်သို့မြင်ကြောင်း သင့်အား ပြသခြင်းအားဖြင့် သင်၏စဉ်းစားခြင်းများကို အသစ်ပြုပြင်ပေးလိမ့်မည်ဖြစ်သည်။ သမ္မာကျမ်းစာက အသင်းတော်နှင့် စပ်လျဉ်း၍ ဘုရားသခင်မြင်သည့် အမြင်ကို ပြသထားသော ထူးခြားပေါ်လွင်သည့် သရုပ်ဖော်ပြချက် လေးခုကို ပြသထားသည်။ သင်၏ နားလည်သိကျွမ်းမှုကို ကန့်သတ်မထားပါနှင့်။ အသင်းတော်ကို ဘုန်းထင်ရှားသည့်နည်းလမ်း၌ မြင်ရန် သင့်အား ကျွန်ုပ်တို့ ဖိတ်ခေါ်အပ်ပါသည်။


အခြားသူများနှင့် မျှဝေပါ